Blogger Widgets
ကိုကောင်း(ရတနာမြေ)

Thursday, October 18, 2012

ချစ်သမီးကို စပျစ်သီးလို ချိုစေချင်လို့

ချစ်သမီးကို စပျစ်သီးလို ချိုစေချင်လို့


ချစ်သူကောင်လေးက သူ့ကောင်မလေးကို   ချိန်းတွေ့ဖို့ဖုန်းဆက်ခေါ်တယ် တဲ့ ချစ်လေးရေ မင်းနဲ့ ကိုယ်
တစ်နေရာမှာသွားချိန်းရအောင်ပေါ့  ပြောလိုက်တော့ကောင်မလေးက မလိုက်ချင်ပါဘူးလို့ငြင်းလိုက်တယ်
သူ့ကောင်လေးကဆက်ပြောတယ် လိုက်ခဲ့ပါဟယ် ငါနင့်ကိုဘာမှမလုပ်ပါဘူး တဲ့ အဲဒါနဲ့ကောင်မလေးက 
နောက်ဆုံးတစ်ခွန်းပြောပြီးဖုန်းချလိုက်တယ်။ ဘာပြောလိုက်သလဲဆိုတော့ ဘာမှမလုပ်ဘဲနဲ့ ဘာသွားလုပ်
မှာလဲတော်ပြီမလိုက်တော့ဘူး တဲ့ ။ 
ခုတလောသင်တန်းပေးရင်းနဲ့ခရီးထွက်တော့သမီးလေးတစ်ယောက်ကစာတွေဖတ်ချင်တယ်ဘယ်လိုဖတ်
လို့ရမလဲလို့မေးလာတယ်။ ပြင်ဦးလွင်ကသမီးလေးတစ်ယောက်ကလည်းစာတွေဖတ်ချင်တယ်တယ်တဲ့ အဲဒါ
နဲ့ကျနော်လဲမေတ္တာတမာန်ထဲမှာမဖတ်ရဘူးလားဆိုတော့ တစ်လမှတခါထဲမို့ ရေးပေးအုံးတဲ့ တိုက်ဆိုင်စွာဘဲ
လားရှိုးကသမီးလေးတစ်ယောက်ကလည်းဆရာကဗျာတွေရေးဖြစ်ရင်ပို့ပေးအုံးလို့ပြောလတယ် အဲဒါကျနော်
ခရီးသွားရင်းနားထောင်ဖြစ်တဲ့သီချင်းတွေထဲက တစ်ပုဒ်ကိုသမီးတို့အတွက်ဝေငှပေးချင်လာတာနဲ့ ဒီစာကို
ရေးဖြစ်ခဲ့တာပါ။ အထက်ကရေးထားတဲ့အဖြစ်ပျက်လေးကဟာသစာစောင်တစ်စောင်ကပါသဘောကျတယ်
သရော်တဲ့သူတွေက မိန်းကလေးတွေကိုဟာသလုပ်ထာတယ်အစကတော့အမှတ်တမဲ့ရယ်လိုက်မိပေမဲ့သေ
ချာစဉ်းစားတော့ခံပျင်းသလိုဖြစ်လာတယ် ကိုယ်ကိုယ်တိုင်လဲမိန်းမလေးဖြစ်ခဲ့ရင်ဒီတိုင်းပြောခံရမှာလားလို့
တွေးမိတယ်လေ။ အဲဒါကြောင့်လည်းဒေါက်တာစိုင်းခမ်းလိတ်ရေးတဲ့ နန်ခမ်းနွဲ့လိတ်အတွက်သီချင်းတစ်ပုဒ်
ဆိုတဲ့တန်ဘိုးကြီးသီချင်းလေးနဲ့ဝေငှချင်တာပါ။
ဆရာစိုင်းခမ်းလိတ်ကသူ့သမီးလေးပေါ်ဖူးဖူးမှုတ်ချစ်ပြီးစိုးရိမ်
ကြီးစွာမှာကြားပေးထားတဲ့ဖခင်တစ်ယောက်ရဲ့သီချင်းပေါ့။ မူလကစိုင်းခမ်းသီ ကဆိုထားပြီးနောင်အခါစိုင်း
ထီးဆိုင်လည်းထပ်ဆိုထားသေးတယ် ။ ခေါင်းစဉ်ကတော့ ရိုးရိုးလေးပါ စောကပြောခဲ့သလို နန်းခမ်းနွဲ့လိတ် 
အတွက်သီချင်းတစ်ပုဒ် တဲ့။
(၁) ကြွေနေတဲ့ပန်းကလေးများလိုက်ကောင်ခြင်းမှ ကျေနပ်မှုအပြည့်ရတဲ့ချစ်သမီးလေးရယ်
ဒီလိုသာအမြဲရောင့်ရဲနိုင်ခဲ့ရင်ဘယ်လောက်ကောင်းမလဲ
ပထမပိုဒ်ရဲ့စာသားလေးကတော့သဘာဝအင်မတန်ကျပါတယ် လမ်းတွေမှာပန်းကြွေကောက်ရတာလေးနဲ့
ဘဲပျော်ရွှင်ကျေနပ်တတ်တဲ့တန်ဘိုးကဘယ်လောက်တောင်ကြီးသလဲလို့စဉ်းစားမိတယ်သမီးလေးရဲ့အရွယ်
ငယ်သေးတဲ့အချိန်မှာ ပကာသနတွေဘာတွေမသိသေးတော့ ပန်းကြွေလေးတွေကောက်ရတာကဘဲပြည့်စုံ
တဲ့ဘဝလေးဖြစ်နေတယ်။ အလုံကခရေပင်လမ်းမှာခရေပန်းကောက်နေတဲ့ကလေးတွေကိုမျက်စိထဲမှာမြင်
ယောက်လာတယ်။ သူတို့ဘေးကနေဖြစ်သွားတဲ့နောက်ဆုံးပေါ်ကားတွေရဲ့တန်ဘိုးကိုသူတို့မသိဘူး။စိတ်လဲ
မဝင်စားဘူး ။ သီထားတဲ့ပန်းလေးတွေလာဝယ်ကြတဲ့ အမျိုးသမီးတွေဝတ်ထားတဲ့ အမျိုးသမီးတွေဝတ်ထား
တဲ့အဝတ်စားရဲ့တန်ဘိုးတွေ၊ လက်သည်းနီတွေနှုတ်ခမ်းနီဆိုးဆေးတွေကတန်ဘိုးမသေးပေမဲ့သူတို့စိတ်မ
ဝင်စားဘူး သူတို့စိတ်ဝင်စားတာဘဲလဲဆိုတော့ မိုးရွာမယ်ပန်းကြွေမယ် ပြေးကောက်မယ် ပျော်တယ်ဒါပါဘဲ
ပန်းလာဝယ်တဲ့အမျိုးသမီးကြီးတွေတစ်ချို့ရဲ့ပျော်ရွှင်ခြင်းဟာငွေဂုဏ်များစွာ ဓနများစွာပေါ်မူတည်ပြီး ငွေ
မချမ်းသာရင်ဘဲအကောင်းစားမဝတ်ရရင်ဘဲမနေနိုင်တဲ့သူတွေဖြစ်နေတော့ လူတစ်ယောက်ရဲ့စိတ်ချမ်းသာ
ခြင်းအတွက်ပေးဆပ်ရတာသိပ်များတယ် ။ အဲဒါကြောင့်ဆရာခမ်းလိတ်ကသူ့သမီးလေးကိုဘယ်အရွယ်
ရောက်ရောက်ပန်းကြွေလေးတွေကောက်ရင်းကျေနပ်နေတတ်မယ်ဆိုရင်ဘယ်လောက်ကောင်းမလဲလို့မျှော်
လင့်မှာကြားခဲ့တာဖြစ်တယ်။
မလှနဲ့မပနဲ့ ခေတ်မမှနဲ့လို့တော့သမီးတို့ကိုမဆိုလိုပါဘူး ။  ကိုယ့်အခြေနေနဲ့နှိုင်းယှဉ်ဘို့လဲလိုသေးတယ်ကိုယ်
ကမတတ်နိုင်ဘဲနဲ့လှဘို့ပဘို့သက်သက်အတွက်ငွေကုန်ခံတာ တွေရှိလာမယ်။ ပိုပြီးလိုလားတဲ့အခါ ဒီထက်
ငွေတွေလိုလာမယ်။ အလွယ်နည်းနဲ့ငွေရှာချင်လာမယ်။ တကယ်တမ်းအကျိုးရှိရင်လည်းလှလိုက်တာဆိုတဲ့
စကားတခွန်းလောက်ဘဲကြားခွင့်ရမယ်မဟုတ်လား။ ဟယ်သမီးလှလိုက်တာ ဘဏ်မှာငွေတစ်သိန်းလာ
ထုတ်လိုက်လို့ဘယ်သူမှမပြောဘူး။ အဲဒီတော့ ရှိတာလေးနဲ့ လှအောင်ဝတ်ဆိုတဲ့ ဆုံးမစကားလေးကအင်မ
တန်ကိုကျင့်သုံးဘို့သင့်တဲ့စကားပါဘဲလို့အကြံပေးပါရစေ။
(၂) လူဆိုတာတပ်မက်မှုနောက်လိုက်မိရင်လိုက်ရင်းနဲ့နစ်သထက်နစ်ကရေမကူးတတ်ခင်
ပင်ကိုယ်စိတ်ချမ်းမြေ့မှုတွေမသိမသာပျောက်သွားမယ်။ 
ဒုတိယပိုဒ်လေးတစ်ဆင့်တက်လာတယ်။ ပန်းကြွေတွေအပြင်တခြားတခြားသောလောကရဲ့တပ်မက်မှုတွေ
ဟာဘယ်တော့မှမကုန်နိုင်ပါဘူး။ ပန်းကြွေလေးတွေပြီးပျော်ရာကနေတခြားအမျိုးကြီးတွေလိုနှုတ်ခမ်းနီလှလှ
လေးတွေဆိုးချင်လာမယ်။ သူတို့ဒီလိုဆိုးထားလို့လှတာပါလားငါလဲဆိုးလိုက်ရင်လှလာမယ်ထင်တယ်လို့
တွေးမိလာမယ်လေ။ အဲဒီကနေ လက်သည်းနီ ၊ ဒေါက်ဖိနပ် ၊ လက်ကောက် ၊ ဆိုင်ကယ် ၊ ကား အိမ်ကောင်း
ယာကောင်း တစ်ဖြေးဖြေးနဲ့မက်မောတတ်လာမယ် အလိုက်ထိုက်လဲရှိလာမယ်ဆိုတဲ့နေ့ရောက်ရင် ပန်းကြွေ
လေးတွေကောက်ရတာပျော်စရာလို့မမြင်တော့ဘူး ပန်းလိုချင်ဝယ်လိုက်လို့ရတယ်လေ။ အဲဒါလေးတွေကို
သေချာပြန်ပြီးစဉ်းစားကြည့်တော့ ပျော်ရွှင်စိတ်ချမ်းသာမှုကဘယ်ပေါ်မှာမူတည်နေသလဲလို့စဉ်းစားဘို့လို
တယ်။ တစ်ထောင်ရလို့ပျော်တဲ့လူက နှစ်ထောင်ရ ရင်ပိုပျော်တာဘဲရှိတယ် ဘာမှဖြစ်မသွားပေမဲ့ နှစ်ထောင်
ရမှပျော်တဲ့လူတစ်ယောက်က တစ်ထောင်ဘဲရရင်မနေတတ်ဘဲဖြစ်သွားမယ်၊ နောက်ကွယ်မှာရောင့်ရဲခြင်း
တန်ဘိုးတွေကျဆင်းတာပေါ့။အဲဒီတော့ပေါ်သမျှတွေကိုတပ်မက်နေရင်းက ၊ နောကိုလိုက်နေရင်း တဖြေး
ဖြေးနစ်ဝင်သွားမှာကတော့ သောကကမ္ဘာထဲကိုပါဘဲ။ နောက်ဆုံးမှာတော့ လောကတပ်မက်မှုဟာမူလပျော်
ရွှင်ရောင့်ရဲ့တတ်တဲ့စိတ်တွေကိုပျောက်ကွယ်သွားစေတာပါဘဲ။ 
အဲဒီပိုဒ်မှာဆရာခမ်းလိတ်ကဘယ်လိုရေးသလဲဆိုတော့ လိုက်ရင်းနဲ့နစ်သထက်နစ်ကာရေမကူတတ်ခင်လို့
ရေးစပ်ထားတယ်။ လောကကြီးကရေကူးတတ်မှသွားလို့ကောင်းတဲ့ ပင်လယ်ပြင်လိုပါဘဲ ပျောချင်တာတော့
လူတိုင်းရဲ့စိတ်ပေါ့တားမရပါဘူး ဒါပေမဲ့ပျော်တတ်ဖို့တော့အရေးကြီးတယ် ။ အဲဒါကြောင့် ရေမကူးတတ်ခင်
လို့ထည့်ရေးထားတယ်။လောကကြီးရဲ့ကောင်းမြတ်တဲ့ဘယ်အရာမဆိုရှိထားဘို့မလွယ်ပေမဲ့သိထားဘို့တော့
လွယ်ပါတယ် ၊ လေ့လာသင်ယူမှတ်သား ဝင်ဆန့်အောင်တော့နေပေါ့ ဒါပေမယ့် ရေမကူတတ်ရင်ရေထဲမှာ
မွန်းသေသွားနိုင်တယ်ဆိုတာမမေ့ဘို့လိုတယ်၊ ရေနက်လေလေသတိထားရလေလေပေါ့သမီးတို့ရယ်။
(Cho ) အပင်ထက်ပွင့်နေအမြင့်ပန်းကိုပန်ဆင်ခြင်လာတတ်တဲ့တနေ့ကျရင် မင်းကမ္ဘာ
တဖြေးဖြေးရှုတ်ထွေးလို့လာမယ် ။
သမီးတို့ကိုယ့်ကိုကိုယ်သတိထားရမှာဒါအရေးကြီးတယ်။ ပင်ထက်ပွင့်နေတဲ့အမြင့်ပန်းကိုပန်ဆင်ဖို့ဆန္ဒ ရှိ
လာတဲ့အခါပေါ့ မင်းကမ္ဘာဟာတဖြေးဖြေးရှုတ်ထွေးမယ်တဲ့ ၊ အဲဒီတော့ကိုယ့်ဆီမှာဒါမှမဟုတ်ကိုယ့်အနားမှာ
ရှိတဲ့အရာတွေကိုလေးစားရမယ်တန်ဘိုးသိရမယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာရိုးသားအေးဆေးတဲ့လူတွေရှိနေပေ
တိုင်းပါးဒါမှမဟုတ်တခြားတနေရာကတန်းမြင့်လူတွေကိုဘဲအားကျနေမယ်ဆိုရင် တို့ငယ်ငယ်ကသင်ခဲ့ရတဲ့
ဒေါင်းယောင်ဆောင်သောကျီးလိုဖြစ်သွားနိုင်တယ်။ ကျီးကန်းတစ်ကောင်က ဒေါင်းလေးတွေကိုကြည့်တယ်
အားကျတယ်။ သူတို့လေးတွေကလှလိုက်တာ ငါ့ကျတော့မဲမဲကြီး အင်းငါလဲသူတို့လိုလှအောင်လုပ်ရမယ်ဆို
ပြီး ဒေါင်းမွှေးတွေကိုယ်မှာတပ်ဆင်တယ်ပြီးတော့ဒေါင်းတွေရှိတဲ့ဆီကိုသွားတယ်တဲ့၊ဒေါင်းတွေကဝိုင်းပြီးဆော်
ထည့်လိုက်တာ ဒေါင်းမွှေးမပြောနဲ့ကျီးမွေးတော့ပါကျွတ်ကုန်ရောတဲ့။ ဆိုတော့သမီးတို့ရယ် ၊ သမီးတို့ကိုဘု
ရားသခင်က ကောင်းတာတွေအများကြီးပေးထားပါတယ်။ သမီးတို့ရဲ့သဘာဝအသားအရေကိုကြည့်လိုက်
သူများနဲ့မတူပေမဲ့၊သူများလဲသမီးတို့လိုအသားအရေမျိုးကိုမရနိုင်ပါဘူး သမီးတို့ဘဲပိုင်ဆိုင်တာပါ။ သူများတွေ လိုဖြစ်ချင်လို့သူများလိမ်းတိုင်းလိုက်လိမ်းတော့ ငွေသာကုန်ပြီး အသားရေတောင်ပျက်နိုင်တယ် မိတ်ကပ်ဆို
တာလည်းအသားရေပေါ်မူတည်ပြီးထုတ်ထားတာမဟုတ်လား။ လူ့ဘဝရဲကပျော်စရာဆိုတာလည်းဒီတိုင်းဘဲ
ပေါ့ ၊ သူများနဲ့တန်းတူလိုက်ပျော်ချင်လို့ဘယ်ရမလဲကွယ် အမြင့်ရောက်လေရှုတ်ထွေးလေဆိုတာတော့မမေ့ 
နဲ့နော်။
(၃) ကြွေနေတဲ့ပန်းကလေးများလိုက်ကောက်ခြင်းမှာပျော်တတ်တဲ့ရိုးသားမှုကိုချစ်သမီးလေးရယ်
ဘယ်လိုလူ့လောကစီးစိမ်အတွက်မှမစတေးနဲ့ ။
ကဲဒီတစ်ပိုဒ်ကဖခင်ရဲ့မေတ္တာနဲ့စိုးရိမ်စိတ်တွေကိုဖေါ်ပြနေတယ်။ အကြွေပန်းကောက်ပြီးပျော်တဲ့ဘဝကနေ
ဘယ်လိုလူ့လောကစီးစိမ်အတွက်မှမစတေးလိုက်နဲ့တဲ့ ။ ဒေါင်းယောင်ဆောင်တဲ့ကျီးထဲကလိုဘဲ အလှအပ
ကိုကြိုက်တတ်တဲ့မိန်းခလေးတစ်ချို့ကနယ်ကနေမြို့ပေါ်တက်လာပြီး သူတို့အဖေအရွယ်တွေကို အကိုလို့ခေါ် တယ်ပြီးတော့  ကပ်ပြီးချူစားတယ် 
 ငွေရတော့ အကောင်းစားတွေဝယ်ဝတ်တယ် အလှပြင်တယ်။ နောက်ဆုံး 
တော့ သူလည်းသူများရဲ့ ကာမကျေးကျွန်အဖြစ်စတေးလိုက်ရတယ်။ သူ့ဘဝကိုသူများရဲ့ပျော်ရွှင်မှုအတွက်
စတေးလိုက်ရတာဘဲလေ ၊ တစ်ချို့ဆိုရင်ရောဂါရပြီးနယ်ကိုပြန်ရတယ် ဘာမှမသိတဲ့မိဘတွေရှေ့မှာသွားပြီး
ဆုံးသွားတဲ့ထိဘဲ ။ အဲဒီထိတက်လာတဲ့သူက ငယ်ဘဝမှာပန်းကောက်တာလောက်နဲ့ပျော်ခဲ့တယ်ဆိုတာမမေ့
ပါနဲ့၊ သမီးတို့သတိထားရမှာက လောကဆိုတာရေမကူးတတ်ရင်နစ်တတ်တယ်ဆိုတဲ့အချက်ပါဘဲ။
အစော ကအဖွင့်မှာရေးခဲ့တဲ့ဟာသလေးနဲ့ပတ်သက်ပြီးဆက်ပြောချင်တယ် ။ ကောင်လေးတွေ တစ်ချို့က မိန်းခလေးတွေနှစ်လုံးသားထဲမှာတန်ဘိုးထားပြီးမချစ်ကြဘူး ကိုယ့်ရှေ့မှာသာ ဘယ့်လိုချစ် တာဘယ် လိုခံ
စားရတယ်နဲ့အမျိုးမျိုးဘဲပြောပြီးတော့ သူတို့ယောင်္ကျားလေးတွေရှေ့ကျတော့စောကြည်ဘဲဆိုတဲ့နာမယ်
ကောင်းကိုသိပ်လိုချင်ကြတာ။ တစ်ချို့များဆိုရင်ငါသူ့ကိုဘယ်လိုနမ်းခဲ့တာဘယ်လိုကိုင်ခဲ့တာဆိုပြီးမြိန်ရည်
ယှက်ရည်ပြောတတ်ကြတယ်။အဲဒါကိုမသိတဲ့ကောင်မလေးတွေကိုယ့်ကောင်လေးတွေကိုယုံကြည်ပုံအပ်ကြ
တယ်။သနားစရာဘဲ။ နင့်ကိုငါတကယ်ချစ်တယ်ကြိုက်တယ်လက်ထပ်မယ်ဆိုပြီး ဟိုတယ်မှာလုပ်ချင်လုပ်
ထားတာတွေကိုဗွီဒီယိုခိုးရိုက်ပြီးသူငယ်ချင်းတွေကိုပြတဲ့လူတွေ အင်တာနက်ပေါ်တင်ထားတာတွေလည်း 
အများကြီးဘဲ ။ဆိုတော့က လှပတဲ့ဘဝတစ်ခုဖြစ်ဖို့အတွက် အလှပြင်ဘို့သက်သက်ဆိုရင် အပြင်လှတာဘဲ
ရှိမယ်အတွင်းလှဘို့မဖြစ်နိုင်ဘူး။ ယောင်္ကျားဆိုတာကလည်းသမီးတို့နဲ့ ဝေးလေလေ နီးချင်လေလေဘဲပြော
ချင်တာက သိပ်အနေနီးပြီးအလိုလိုက်လွန်းရင်ရိုးအီးသွားမယ် ။ အချစ်က မရလေလေ လိုချင်လေလေ ဘဲတဲ့
အဲဒီတော့ ကိုယ်တကယ်လက်ထပ်ဘို့စဉ်းစာထားတဲ့ယောင်္ကျားကိုတောင် မသေချာသေးမချင်း ခပ်ဝေးဝေး
ကချစ်ပြနေတာပိုကောင်းတယ်လို့ဘဲအကြံပေးချင်တယ်။ 
ကိုကောင်း (ရတနာမြေ)
၂၀၁၂ ခု အောက်တိုဘာလ ၁၈ ရက်
ခေတ္တ ဆန်ဖရန်စစ္စကို

No comments:

Post a Comment