Blogger Widgets
ကိုကောင်း(ရတနာမြေ)

Monday, October 1, 2012

တောင်ပေါ်သူလီဆူမလေး

တောင်ပေါ်သူလီဆူမလေး


၁။   တောင်ပေါ်မြေမှာ မောင်ပျော်ပျော်နေပါဆိုတဲ့စကား
ကြားမိတိုင်း ယောင်ချာချာ ၊ 
လွမ်းလိုက်တာလီဆူမလေးရေ ။
၂။  သူတို့ရွာ တောင်ပြာတန်းနှဘေး
ချောင်းကလေးကရေခပ်အပြန်
ဟန်ပါပါဝါးဘောက်ကိုထမ်း လို့
ချစ်ဖို့သိပ်ကောင်းတာဘဲ အို့ ။          ။
၃။  မိုးရေစိုစိုမှာ 
မှိုရှာ မျှစ်ချိုး တောင်ရိုးတစ်လျှောက်
အသက်မွေးလောက်သောအစာ
ခက်ခဲစွာရှာရပေမဲ့
ဘုရားပေးတဲ့ဘဝကို
အပြစ်မဆိုဘဲကျေနပ်
နေတတ်လိုက်တာနော်။        
၎။  ငါးရက်တဈေး မြို့ကလေးကိုတက်
ခြံထွက်သီးနှံများ သွားသွားရောင်းပြီးငွေစု
အစာအိမ်တစ်ခုအတွက်
 လောဘမဖက်သူလီဆူမလေးရယ် ။      
၅။  နှုတ်ခမ်းနီမဆိုး ပါးနီနီအမျိုးထဲက
ရိုးရိုးလေးနဲ့လှတဲ့သူ
စိတ်ထားဖြူ မူရာလေး လူတကာမငေးလောက်ပေမဲ့
လီဆူဝတ်ဆုံလေးနဲ့ဆို တော့ ချစ်ဖို့သိပ်ကောင်းတာဘဲကွယ်။
၆။  နှစ်သစ်ကူးညမှာ
တခစ်ခစ်မြူးကြကာ 
ရိုးရာအက တူယှဉ်ကရင်း
ရိုးရာသီချင်းအတူဆိုရင်းနဲ့
မောတဲ့အခါ ခဏနားလို့ မခို့တရို့ကြည့်ကာသူပြောလာ
တောင်ပေါ်မြေမှာမောင်ပျော်ပျော်နေပါတဲ့
ပျော်လိုက်တာကွယ်။        ။

ကိုကောင်း(ရတနာမြေ)
၁၉၉၉
ခေတ္တ ( မိုင်းရှူး )

2 comments:

  1. အတိပ်ကအရိပ်တွေလားဆရာရယ်....

    ReplyDelete
    Replies
    1. လီဆူမလေးတိုင်းကိုလှစေချင်လို့ပါ။ ( ရိုးရိုးလေးနဲ့နော် )

      Delete